The Classroom of a Black Cat and a Witch (2026)
Anime
0
synopsis
:The Classroom of a Black Cat and a Witch
ော်ဝင် Diana အကယ်ဒမီဆိုတာ ထူးချွန်တဲ့ မှော်စွမ်းအင်ပိုင်ရှင်တွေကို လက်ခံသင်ကြားပေးတဲ့ နာမည်ကြီး ကျောင်းတော်ကြီးတစ်ခုပါ။ ကျောင်းဘွဲရသွားတဲ့အခါ ဒီကျောင်းသားတွေဟာ သူတိုနယ်ပယ်မှာ ထိပ်တန်းရောက်သွားကြသလို၊ တော်ဝင်မိသားစုဆီမှာလည်း အလုပ်လုပ်ခွင့်ရကြပါတယ်။ Spica Virgo ကတော့ သူမရဲ့ အိုင်ဒေါဖြစ်တဲ့ Claude Sirius လိုမျိုး ထိပ်တန်း မှော်ဆရာမတစ်ယောက်ဖြစ်လာဖို ရည်ရွယ်ပြီး ဒီအကယ်ဒမီမှာ တက်ရောက်သင်ကြားခွင့်ရဖို အိပ်မက်မက်နေခဲ့တာပါ။ Claude ဟာ ကမ္ဘာကျော် မှော်ဆရာတစ်ယောက်ဖြစ်ပြီး ဒီကျောင်းတော်ရဲ့ အသက်အငယ်ဆုံး ဆရာတစ်ယောက်ဖြစ်လာခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ လျှိဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့တယ်။
ကျောင်းဝင်ခွင့်ရဖို လိုအပ်တဲ့ အတွေ့အကြုံနဲ့ အဆက်အသွယ်တွေ မရှိတဲ့အတွက် Spica ဟာ သူမရဲ့ လေ့ကျင့်မှုတွေမှာ သိသာတဲ့ တိုးတက်မှုတွေ မလုပ်နိုင်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူမဟာ မှော်စွမ်းအားတွေရှိပြီး စကားပြောတတ်တဲ့ ကြောင်နက်လေးတစ်ကောင်နဲ့ ဆုံတွေ့ခဲ့တယ်။ အခြေအနေတွေကို ပိုကောင်းလာဖို မျှော်လင့်ချက်နဲ့ အကယ်ဒမီတက်ဖို လိုအပ်တဲ့ မှော်ပညာတွေကို သင်ပေးဖိုနဲ့ တပည့်အဖြစ် လက်ခံပေးဖို အဲဒီကြောင်လေးကို သူမက တောင်းပန်ခဲ့တယ်။ ကြောင်လေးက စည်းကမ်းချက်တစ်ခုနဲ့ သဘောတူလိုက်ပါတယ်— အဲဒါကတော့ သူ့ကို ကြောင်ဘဝရောက်စေတဲ့ ကျိန်စာကို ပြန်ဖြေရှင်းပေးမယ့် နည်းလမ်းကို သူမက ရှာပေးရမှာပါ။ ရှေ့ဆက်ရမယ့် ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း Spica ဟာ ကြောင်လေးရဲ့ သင်ကြားပြသမှုနဲ့ ထိုက်တန်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြဖို ဆုံးဖြတ်ချက်ချထားပါတော့တယ်။
⭐ Score: 6.68
📅 Year: 2026
🎭 Genre: Comedy, Fantasy
📊 Status: Currently Airing
Characters










Download / Stream