There was a Cute Girl in the Hero’s Party, so I Tried Confessing to Her (2026)
synopsis
:
Youki ဆိုတဲ့ကောင်လေးဟာ ယာဉ်မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားပြီး Fantasy ကမ္ဘာကြီးထဲမှာ ဝင်စားသွားခဲ့တယ်ဗျ။ ဒါပေမဲ့ ဒဏ္ဍာရီထဲက သူရဲကောင်းကြီး ဖြစ်မလာဘဲ စွမ်းအားတွေ လွန်ကဲနေတဲ့ နတ်ဆိုးတစ်ကောင်အဖြစ် ပြန်ဝင်စားမိသွားတာဗျို။ နတ်ဆိုးဘုရင် Demon Lord လည်း မဖြစ်ချင်တာနဲ့ပဲ နတ်ဆိုးရဲတိုက်ကြီးထဲမှာ အဆင့်နိမ့် အစောင့်တစ်ယောက်အနေနဲ့ပဲ အေးအေးလူလူ နေနေလိုက်တော့တယ်။တစ်နေ့ကျတော့ Hero Party က လာတိုက်ခိုက်ရော... အဲဒါနဲ့ သူလည်း စိတ်ကူးပေါက်တာနဲ့ တစ်ဖွဲလုံးကို အလဲလဲအကွဲကွဲဖြစ်အောင် ဆော်ထည့်လိုက်ပါလေရောဗျာ။ အဲဒီ Hero Party ကို ဒဏ်ရာတွေ ပြန်ကုပေးပြီး မြိုဘက် ပြန်လွှတ်ဖို ပြင်နေတုန်းမှာပဲ အဖွဲထဲက sisterမလေးကို သွားသတိထားမိပြီး မြင်မြင်ချင်း အချစ်မိုးတွေ ရွာကျသွားပါတော့တယ်တဲ့ဗျာ။