The Demon King's Daughter Is Too Kind!! (2026)
synopsis
:
နတ်ဆိုးဘုရင် အာရီမန်မှာ ပြဿနာအကြီးကြီး တစ်ခုရှိနေတယ်။ အဲဒါကတော့ သူ့သမီးတော်လေး ဒို က လူတိုင်းအပေါ် အချစ်တွေ ပိုနေတာပဲ။ ဒိုလေးရဲ့ အပြုအမူတွေက နတ်ဆိုးတစ်ကောင်အနေနဲ့ မသင့်တော်ဘူးဆိုပြီး စိတ်ပူနေရတာကြောင့် အာရီမန်ခမျာ ကမ္ဘာကြီးကို ကျူးကျော်မယ့် အစီအစဉ်ကိုတောင် ရပ်ဆိုင်းထားလိုက်ရတယ်။ ဒိုလေးက သူငယ်ချင်းဖွဲတာ၊ သူများကို ကူညီတာ၊ ပြီးတော့ သူတိုရဲ့ ရန်သူဖြစ်တဲ့ လူသားတွေအပါအဝင် သတ္တဝါအားလုံးကို ပျော်ရွှင်မှုတွေ ပေးရတာကို သိပ်သဘောကျနေတာလေ။ဒါပေမဲ့ အာရီမန်က ဒိုလေးကို ဆူငေါက်မယ့်အစား ကောင်းမှုလုပ်လိုဆိုပြီး ချီးကျူးပေးလိုက်ပြန်ရော။ ဒိုလေးရဲ့ ဆရာအဖြစ် တာဝန်ပေးထားတဲ့ လက်ထောက် ဂျာဟီရဲ့ အကူအညီနဲ့ သူတိုနှစ်ယောက်ပေါင်းပြီး ဒိုလေးရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကို ဖျောက်ဖျက်ဖို ကြိုးစားကြတယ်။ ရည်ရွယ်ချက်ကတော့ နတ်ဆိုးဘုရင်ရဲ့ သမီးတော်လေးကို ချစ်စရာကောင်းပြီး သဘောမနောကောင်းတဲ့ ကလေးမလေးအဖြစ်ကနေ လူမဆန်တဲ့၊ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်စဉ်းလဲတဲ့ နတ်ဆိုးမလေး ဖြစ်လာစေချင်လိုလေ။