JUJUTSU KAISEN Season 3: The Culling Game Part 1 (2026)
synopsis
:
Shibuya ဖြစ်စဉ်ကြီး ပြီးဆုံးသွားပြီးတဲ့နောက်မှာတော့ Noritoshi Kamo ကြိုးကိုင်ဖန်တီးထားတဲ့ Culling Game ဆိုတဲ့ သေမင်းတမန် Jujutsu တိုက်ပွဲကြီးက ဂျပန်နိုင်ငံအနှံ ကိုလိုနီနယ်မြေဆယ်ခုမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပါပြီ။
Shibuya မှာ လူတွေအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရမှုအတွက် အပြစ်ရှိစိတ်တွေ ခြောက်လှန့်နေသလို၊ Sukuna က Fushiguro အပေါ် စိတ်ဝင်စားနေတာကိုလည်း သတိထားနေရတဲ့ Itadori တစ်ယောက် Jujutsu High ကို မပြန်တော့ဖို ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအစား သူဟာ Noritoshi Kamo လွှတ်ပေးလိုက်တဲ့ မရေမတွက်နိုင်လောက်အောင် များပြားလှတဲ့ ကျိန်စာဝိညာဉ်တွေကို နှိမ်နင်းဖိုအတွက် Choso နဲ့ လက်တွဲလိုက်ပါတယ်။ ဒီလို ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကြားမှာပဲ Jujutsu ဌာနချုပ်က Yuji Itadori ရဲ့ ဆိုင်းငံ့သေဒဏ်အမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ့ကို ကွပ်မျက်ဖိုအတွက် Special Grade Sorcerer ဖြစ်တဲ့ Yuta Okkotsu ကို တာဝန်ပေးအပ်လိုက်ပါတော့တယ်။
Culling Game ထဲမှာ ကစားသမားတွေအဖြစ် တိုက်ခိုက်နေကြတဲ့ အသစ်နိုးထလာတဲ့ ခေတ်သစ် Sorcerer တွေနဲ့ ပြန်လည်ရှင်သန်လာတဲ့ ရှေးခေတ် Sorcerer တွေ... ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထိပ်တိုက်တွေ့ဆုံရင်း ကမ္ဘာကြီးကို Jujutsu တွေ လွှမ်းမိုးမယ့်ခေတ်ဆီကို နောက်တစ်ကြိမ် ပြန်လည်တွန်းပိုနေကြပါပြီ။