Golden Boy (1995)
synopsis
:
Kintarou Ooe ဆိုတာ အချိန်ပိုင်းအလုပ်တွေရဲ့ ဆရာတစ်ဆူဗျ။ သူ့ရဲ့ အချစ်တော် Mikazuki 5 စက်ဘီးလေးကိုစီးပြီး ဂျပန်တစ်ပြည်လုံး နှံနေအောင်သွားရင်း ကြုံရာအလုပ်ဝင်လုပ်နေတဲ့သူလေ။ သူ့ခရီးစဉ်တွေက စာသင်ခန်းထဲမှာ မသင်ပေးနိုင်တဲ့ အတွေ့အကြုံတွေနဲ့ ဗဟုသုတတွေကို ပေးစွမ်းနိုင်တယ်။ နိုင်ငံရေးလောကရဲ့ အုပ်ရှုပ်မှုတွေကနေအစ မိန်းမလှလေးတွေရဲ့ နူးညံ့တဲ့ နှလုံးသားရေးရာအထိ အကုန်ပါတယ်ဆိုပါတော့။ ရှေ့တူရူမှာ ပြေးလမ်းမကြီးရယ်၊ လမ်းတစ်လျှောက် တွေ့ရမယ့် မိန်းမလှလေးတွေရယ်ပဲ ရှိတဲ့ Kintarou ဟာ ဘယ်လောက်ပဲ သိက္ခာကျစရာကောင်းတဲ့ အလုပ်တွေဖြစ်နေပါစေ သူ့ရဲ့ လေ့လာသင်ယူလိုစိတ်ပြင်းပြမှုနဲ့အတူ ကြိုးစားလုပ်ကိုင်နေတာပါ။ အလုပ်တစ်ခုလုပ်တိုင်း သင်ခန်းစာတစ်ခုရနေတဲ့ သူ့ဆီမှာ ဘာတွေဆက်ဖြစ်လာမလဲ ဘယ်သူသိမှာလဲ? တစ်နေ့ကျရင် ကမ္ဘာကြီးကိုတောင် သူ ကယ်တင်ချင် ကယ်တင်နိုင်မှာ။ တစ်ခုသေချာတာကတော့... ဒီအရာအားလုံးက "တကယ့်ကို ပညာရစေမှာပါ!