Akikan! (2009)
synopsis
:
ဝါသနာဆိုတာ မိတ်ဆွေသစ်တွေ တိုးပွားစေတဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ ရှားပါးဖျော်ရည်ဗူးခွံတွေ စုဆောင်းတဲ့ ကာကယ်ရူ ဒိုင်ချီ တစ်ယောက် ဒီဖျော်ရည်ဗူးကို မော့သောက်လိုက်မိရာကနေ အခုလို ဆန်းကြယ်တဲ့ ကောင်မလေးနဲ့ ဆုံတွေ့ရမယ်လို ဘယ်လိုလုပ် ထင်ထားမိမှာလဲ။သူမမှာ အကြီးကြီးတွေ... အဲလေ မဲလွန်ဆိုဒါ ရှိနေတာကြောင့် ကာကယ်ရူက သူမကို 'မဲလွန်' လို နာမည်ပေးလိုက်ပါတယ်။ နောက်တော့မှ သူမဟာ အာခီကန် (Akikan) လိုခေါ်တဲ့ သာမန်မိန်းကလေး မဟုတ်မှန်း သိလိုက်ရတယ်။ သူမက သံမဏိနဲ့ အလူမီနီယမ် ဘယ်ဟာက ပိုကောင်းလဲဆိုတာကို ဆုံးဖြတ်ဖို ထူးဆန်းတဲ့ စမ်းသပ်မှုတစ်ခုအတွက် ဖန်တီးထားတဲ့ တိုက်ခိုက်ရေး ဗူးခွံလေး တစ်ဗူး ဖြစ်နေတာကိုး။လက်လွန်ပြီး ရှုပ်ထွေးပွေလီလှတဲ့ ဒီသုတေသန စီမံကိန်းကြီးထဲ ပါဝင်ပတ်သက်မိလိုက်တာက ကာကယ်ရူရဲ့ ဘဝကို ကမောက်ကမတွေ ဖြစ်သွားစေမလား။ ဒါကတော့ မေးနေစရာတောင် မလိုပါဘူး။ မဲလွန်ရဲ့ သံမဏိခန္ဓာကိုယ်က အသက်ရှူဖို ကာဗွန်ဒိုင်အောက်ဆိုဒ် လိုအပ်နေတာကြောင့် ကာကယ်ရူခမျာ သူမအနားကနေ ခွာလိုမရဘဲ တတွဲတွဲ ဖြစ်နေရတော့တာပေါ့။ ဒါ့အပြင် ချမ်းသာပြီး ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့ ငယ်သူငယ်ချင်း နာဂျီမိကပါ ကိုယ်ပိုင် အလူမီနီယမ် အာခီကန် တစ်ကောင် ပိုင်ဆိုင်သွားတဲ့အခါမှာတော့ ပြဿနာတွေက တကယ့်ကို အစပျိုးလာပါတော့တယ်။