Yotsuiro Biyori (2018)
synopsis
:
"တိုဂိုခု "ဆွီ" ကျောဆွီ ဆိုတဲ့ကောင်လေးက သူ့အဘိုးဆီကနေ 'ရိုခုဟိုးဒိုး' လို့ခေါ်တဲ့ ဂျပန်ရိုးရာ လက်ဖက်ရည်ဆိုင်လေးကို အမွေဆက်ခံခဲ့တယ်။ ဆိုင်ကိုတော့ ဂရီဂိုရီယို "ဂရေ" ဗလန်တီနို၊ နာဂအဲ တိုကီတာကာ နဲ့ နာကာအို ဆွတ်ဘာကီ တို့နဲ့အတူ တွဲပြီး စီမံခန့်ခွဲနေတာပေါ့။ သူတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုက ရှယ်ပဲဆိုတော့ ဆိုင်ကို တစ်ခါလာဖူးတဲ့ ဘယ်ဧည့်သည်မဆို ဖောက်သည်မဖြစ်ဘဲ မနေနိုင်တော့ဘူးလေ။ဒီဆိုင်လေးက ဝန်ထမ်းတွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်အခက်အခဲတွေ၊ အတိတ်ဆိုးတွေ ရှိခဲ့ကြပေမယ့် သူတို့က ဖောက်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေကြတုန်းပဲ... လက်ဖက်ရည်ကောင်းကောင်းလေးတွေ၊ မုန့်တွေတင် မကဘဲ ဧည့်သည်တွေရဲ့ အခက်အခဲမှန်သမျှကိုပါ ကူညီဖြေရှင်းပေးနေတာပေါ့။နေ့ရက်တိုင်းက ပျော်စရာကောင်းနေပေမယ့် တစ်ညတည်းနဲ့ ဆိုင်နာမည်ကြီးလာတဲ့အချိန်မှာတော့ ဆွီတို့ သူငယ်ချင်းတစ်သိုက်ရဲ့ ကမ္ဘာလေးက မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကို ဦးတည်သွားပါတော့တယ်။"